
၆.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ KKK သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်စောကြည်က မော်လမြိုင်မြို့နယ်အတွင်းရှိ KKK သောက်ရေသန့်စက်ရုံသို့ သွားရောက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ် အသားများဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖော်ပြနိုင်ရေး၊ သောက်ရေသန့်အမည်၊ အလေးချိန်၊ ထားသိုသိမ်းဆည်းပုံတို့ကို မြန်မာစာနှင့်ဖော်ပြရန်နှင့် Expire Date၊ FDA ထောက်ခံချက်များပြည့်စုံစွာ ဖော်ပြပေးရန်တို့ကို စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(မွန်)