
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ် တာဝန်ခံသည် လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိသည့်အနက် ကလေးငယ် များအတွက် အရေးကြီးသည့် ကလေးကစားစရာအရုပ် နှင့်ပစ္စည်းအမျိုးမျိုးတို့နှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံစေရေး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိ စေရေး တို့အတွက်(၆.၃. ၂၀၂၅) ရက်နေ့ နံနက် (၀၈း၀၀) နာရီ အချိန်တွင် ကျွန်းလှမြို့ သစ်ရာမြိုင် ရပ်ကွက် အတွင်းရှိ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးရောင်းချသည့် ဆိုင်များကို သွားရောက်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့စစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီက သတ်မှတ်ထားသည့် ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်(၁၀)မျိုးထဲမှ ကလေး ကစားစရာ အရုပ်နှင့်ပစ္စည်းအမျိုးမျိုး တို့တွင် ကုန် အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ အသေးစိတ်စိစစ်ချက်များအတိုင်းဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်း၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချပါက မှတ်ပုံတင်ထားရှိဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ မိမိတို့ ရောင်းချ နေသော ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုးကိုလည်း စားသုံးသူရေးရာ ဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်း သတ် မှတ်ထားသော ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချကြရန်နှင့် ကုန်အညွှန်း အမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထား ခြင်းမရှိသော ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေး စစ်ဆေးပြောကြားခဲ့ပြီး အမိန့် ကြော်ငြာစာ အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(စစ်ကိုင်း)