“ဝမ်းတွင်းမြို့နယ်ရှိဆန်စက်များ နွေစပါးပေါ်လျှင် ကြိတ်ခွဲမှုလှိုင်မည်”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များ၌ လာမည့်နွေစပါးပေါ်ချိန် ဇွန်လကုန် ဇူလိုင်လများတွင် ကြိတ်ခွဲမှု့လှိုင်လာမည်ဟု သိရပါသည်။

          ဝမ်းတွင်းမြို့နယ်၌ မိုးစပါးစိုက်ဧကအနေနှင့်နှစ်စဉ်ဧက (၅၀၀၀၀) ကျော် စိုက်ပျိုးပြီးဆန်စက်များအနေနှင့် ဒေသတွင်ထွက်ရှိသော စပါးများအပြင် တိုင်းဒေသကြီးအတွင်းရှိ မြစ်သားမြို့နယ်၊ နွားထိုးကြီးမြို့နယ်တို့မှလည်း ဝယ်ယူကြိတ်ခွဲရပါသည်။ စပါးတင်း (၁၀၀) ကြိတ်ခွဲပါက ဆန်တစ် တင်းခွဲအိတ် (၃၀) ဆန်ကွဲ(၆) တင်းနှင့် ဖွဲ (၁၀) တင်းထွက်ရှိပါသည်။ အငှားကြိတ်ခွဲပါက စပါးတင်း (၁၀၀)လျှင် ဆန်တစ်တင်းခွဲ (၁) အိတ် (၇၀၀)နှုန်းဖြင့် ဆန်အိတ် (၃၀) အတွက် (၂၁၀၀၀) ကို ဆန်စက်များက ကြိတ်ခွဲခအဖြစ်ရယူပြီး ဆန်ကွဲနှင့်ဖွဲတို့ လာရောက်ကြိတ်ခွဲသူကို ပြန်လည်ပေးအပ်ရပါသည်။ လက်ရှိဖြစ်ပေါ်နေသော စျေးနှုန်းများမှာ စပါးတစ်တင်းလျှင် ဧရာပဒေသာမှာ (၁၂၀၀၀) ကျပ်၊ မနောသုခမှာ (၉၅၀၀)ကျပ် ဆန်တစ်အိတ်လျှင် ဧရာပဒေသာမှာ (၄၄၀၀၀) ကျပ်၊ မနောသုခ (၃၃၀၀၀) ကျပ်နှင့် ဆန်ကွဲတစ်အိတ်လျှင် (၂၂၀၀၀)ကျပ်၊ ဖွဲနု (၁၈) ပိဿာ(၁)အိတ်လျှင် (၁၀၀၀၀)ကျပ် စျေးရှိကြောင်းသိရှိရပါသည်။

          ဆန်စက်များအနေနှင့် မိုးစပါးလက်ကျန်နည်းလာခြင်းကြောင့် ယခုအခါကြိတ်ခွဲမှုနည်းလာပြီး ၊ လာမည့်နွေးစပါးပေါ်ချိန် ဇွန်လကုန် ဇူလိုင်လများတွင် ကြိတ်ခွဲမှုလှိုင်လာမည်ဟု သိရှိရပါသည်။

DOCA(မန္တလေး)