“မိတ္ထီလာခရိုင်တွင်း  ကြက်သွန်နီ ဝယ်ရင်းစျေး မြင့်လာခြင်းကြောင့် နယ်ဝေးတင်ပို့မှုလျော့လာ”

Powered by Drupal

               မိတ္ထီလာဈေးကွက်အနေနှင့် ရန်ကုန်၊ မော်လမြိုင်၊ မြဝတီမြို့များသို့ ကြက်သွန်နီတင်ပို့လေ့ရှိရာ ယခုရက်ပိုင်းဝယ်ရင်းစျေးမြင့်လာပြီး ရောင်းစျေးနိမ့်နေခြင်း၊ ကုန်တင်ခနှုန်းထား အနည်းငယ်မြင့်လာခြင်းတို့ကြောင့် နယ်ဝေးတင်ပို့မှုနည်းလာပါသည်။ ယခုရက်ပိုင်း ရန်ကုန်သို့ (၁၂)ဘီးကား (၁/၂)ရက်ခြားတစ်စီးနှင့် နီးစပ်ရာဒေသများသို့ လက်လီတင်ပို့မှုအနည်းငယ်သာရှိပါသည်။ ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသောကြက်သွန်စျေးမှာ ယခင်တစ်ပတ်စျေးထက် (၁၅၀/၂၀၀) ဝန်းကျင်စျေးပိုလာရာ လက်က္ကားစျေးတစ်ပိဿာလျှင် (၁၀၀၀/၁၂၀၀) စျေးရှိပြီး ကုန်တင်ခမှာလည်း တစ်ပိဿာ (၉၅) စျေးရှိကြောင်း စျေးကွက်မှသိရသည်။

DOCA(မန္တလေး)