အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များအကြောင်းအသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၇.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူသည် မိမိတို့ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တာဝန်ယူဖြေရှင်းဆောင်ရွက်ခြင်း၊ အရောင်းပြေစာပေးအပ်ခြင်း၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံချက်ပေးခြင်း၊ ရောင်းချသောကုန်စည်၏ ကျသင့်တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိသော ကုန်စည်များရောင်းချခြင်း၊   စားသုံးသူ၏ဂုဏ်သိက္ခာကို ထိခိုက်စေသောအပြုအမူများ၊ အပြောအဆိုများပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)