
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၁.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အလှကုန်အမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ၊ တရားမဝင်ကုန်စည်များ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်နှင့်လူသုံးကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားမှုရှိ/မရှိ၊ ကုန်စည်အမှတ်တံဆိပ်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ ဖော်ပြထားမှုရှိ/မရှိ၊ သက်ဆိုင်ရာအစိုးရဌာနများက သတ်မှတ်ထားသော အချက်အလက်များ၊ ထောက်ခံချက်များ ဖော်ပြ ထားမှုရှိ/ မရှိစသည်တို့ကိုစစ်ဆေးခဲ့ပြီး၊ တရားမဝင်အလှကုန်များ၊ လူသုံးကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချမှုမရှိပဲ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် (၂/၂၀၁၉)အညီလိုက်နာဆောင်ရွက်မှုရှိကြောင်း၊ စတိုးဆိုင်နှင့်ကုန်မျိုးစုံအရောင်းဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)