
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၀.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် Myat AyKan Co..,Ltd နှင့် Thandar Treading Co..,Ltd မှ အိမ်မဲမြို့နယ်စားအုန်းဆီ ကိုယ်စားလှယ်များထံသို့ပေးပို့သော စားအုန်းဆီများကိုရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီ၏ (ယာဉ်အမှတ် 1F-7135) မော်တော်ယာဉ်ဖြင့် စားအုန်းဆီစုစုပေါင်း(၂၇)ပေပါ အိမ်မဲမြို့သို့ရောက်ရှိ လာမှုကိုသွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို အိမ်မဲမြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ် ၂%အမြတ်တို့ဖြင့် လက်လီ/လက္ကား ဆိုင်များသို့ ခွဲဝေရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကား ဆိုင်များမှ စားသုံးသူပြည်သူများထံသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုံးဆီခွဲတမ်းရရှိသော ဆီကိုယ်စားလှယ်များထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)