သနပ်ပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်၏ စပါး၊ ဆန်ဈေးနှုန်း ဈေးကွက်အခြေအနေ

Powered by Drupal

          ယခုတစ်ပတ် ဇွန်လ ဒုတိယပတ် သနပ်ပင်မြို့နယ်၏ စပါးဈေးနှုန်းများအနေဖြင့် နွေစပါးပေါင်(၅၀)တင်း ၁၀၀ လျှင် ၉၃၀၀၀၀ ကျပ်၊ မိုးစပါးပေါင် (၅၀) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ကျပ်ဖြစ်ပြီး၊ ဆန်(၁၀၈) ပေါင်တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်၊ ဆန်ကွဲ (၁၀၈) ပေါင်တစ်အိတ်လျှင် ၃၀၀၀၀ ကျပ် ၊ ဖွဲနုပေါင် (၆၀) တစ်အိတ်လျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် သနပ်ပင်မှရန်ကုန်သို့ နေ့စဉ်တင်ပို့မှုရှိနေကြောင်း သိရှိရပါသည်။

          ထို့အတူ ဒိုက်ဦးမြို့နယ်တွင် မိုးစပါး (ဆင်းသုခ) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ကျပ်၊ ပေါင် (၅၀) ပါ ဆန်တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်၊ နွေစပါး (ဆင်းသုခ) တင်း ၁၀၀ လျှင် ၉၃၀၀၀၀ ကျပ်၊ ပေါင် (၅၀) ပါ ဆန်တစ်အိတ်လျှင် ၃၂၀၀၀ကျပ်၊ ဆန်ကွဲကြီး ၁ အိတ်လျှင် ၃၀၀၀၀ ကျပ်၊ ဆန်ကွဲသေး ၁ အိတ်လျှင် ၂၉၀၀၀ ကျပ်၊ ဖွဲနု ၁ အိတ်လျှင် ၁၄၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)