ကျိုက်လတ်မြို့၌ ရောင်းချနေသော ကြက်အူချောင်း၊ဝက်အူချောင်းများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်။ ၂၀၂၅ ခုနှစ် မတ်လ(၁၀)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊မီးသတ်ဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်လတ်မြို့ပေါ် မြို့မဈေးရှိ ကုန်ခြောက်ဆိုင်များ၊ ကုန်စိမ်းဆိုင်များ၊ စတိုးဆိုင်များတွင် ရောင်းချနေသော ကြက်အူချောင်း၊ ဝက်အူချောင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          သို့ဖြစ်ပါ၍ ကျိုက်လတ်မြို့ မြို့မဈေးကြီးအတွင်းရှိ ကုန်ခြောက်ဆိုင်များ၊ ကုန်စိမ်းဆိုင်များနှင့် မြို့ပေါ်ရှိ စတိုးဆိုင်များအား စစ်ဆေးခဲ့ရာ cp ကုမ္ပဏီမှ ထုတ်လုပ်ထားသော ကြက်အူချောင်း၊ ဝက်အူချောင်းများရောင်းချခြင်း မရှိTop star တံဆိပ်သာ ရောင်းချမှုရှိနေကြောင်းနှင့် FDA   ထောက်ခံချက်ပါရှိသော ကြက်အူချောင်း /ဝက်အူချောင်းများကိုသာ တွေ့ရှိရပါသည်။ ထို့နောက် မြို့နယ်တာဝန်ခံမှ ကုန်စည်ရောင်းချခြင်းနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားပါရှိသည့် ကုန်စည်များကိုသာ ရောင်းချရန် ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)