
ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့ ၊နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့ အမှတ်(၂) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ “ဖြိုးဟိန်း” စက်မှုလက်မှု လုပ်ငန်းသို့ သွားရောက်ပြီး MSME လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံက “ဖြိုးဟိန်း” စက်မှုလက်မှုပိုင်ရှင် ကိုထက်ဝေဖြိုးအား ထုတ်လုပ်သည့်ပစ္စည်းများနှင့် ပတ်သက်၍ မေးမြန်းရာတွင် အနိမ့်တင် ရေစက်များ၊ရေတင်ပိုက်လုံးများကို အဓိကထား ထုတ်လုပ်လျက်ရှိပြီး၊ ဒေးဒရဲကျေးရွာများမှ လာရောက်ဝယ်ယူကြောင်း၊ အရင်းအနှီးအနေဖြင့် ကျပ်သိန်း(၂၅၀)ခန့်ရှိပြီး၊ လုပ်သားဦးရေမှာ (၃)ဦးရှိပြီး လုပ်ခလစာအနေဖြင့် (၁၅၀၀၀၀)ကျပ် ပေးအပ်လျကရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)