
၂၀၂၅ခုနှစ်၊ မတ်လ(၁၆)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် အင်္ဂပူမြို့နယ် ထန်းပင်ကန်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူများ အား စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိစေရန်နှင့် ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများအား ကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဟောပြောပွဲတွင် အင်္ဂပူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဘိုဘို က ပြည်သူများအနေဖြင့် မိမိတို့ရပိုင်ခွင့်ရှိသော စားသုံးသူအခွင့်အရေး(၈)ချက်ကို သိရှိနားလည်ရန်လိုအပ်ပြီး စားသုံးသူများလိုက်နာရမည့်တာဝန်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူပြည်သူများအား လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များရရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေဖို့အတွက် စားသုံးသူများ၏ အခွင့်အလမ်းများကို ဥပဒေဘောင်အတွင်းမှ အပြည့်အဝရရှိစေရန် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် အရေးဆိုတိုင်တန်းနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ စားသုံး သူများမှ မိမိတို့ဝယ်ယူအသုံးပြုသည့် ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများကို ကြုံတွေ့ရပါက Consumer Call Center (1535) လိုင်းခွဲ(၁)(၂)(၃) များသို့ ဆက်သွယ်ခေါ်ဆို တိုင် ကြားနိုင်ကြောင်းနှင့် တက်ရောက်လာသူပြည်သူများမှ Consumer Call Center (1535) သို့ စမ်းသပ်ခေါ်ဆို သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)