
စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည် (၁၇.၃.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ ဇလွန်မြို့ပေါ်ရပ်ကွက်ရှိဆေးနှင့် ဆေးပစ္စည်းအရောင်း ဆိုင်များတွင် တရားမဝင် ဆေးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်း ရှင်းစေရန်အတွက် တရားဝင်ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်းများတင် သွင်းရောင်းချ နေခြင်းရှိ/မရှိ၊ အိမ်သုံးဆေးဝါးများ ဈေးကွက်အတွင်းပြတ်လပ်မှု ရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော အိမ်သုံးဆေးဝါးများ၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်း မရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချ ခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဇလွန်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိကြောင်း၊ဈေးနှုန်း မြှင့်တင်ရောင်းချမှု မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)