ဆီစက်များကြိတ်ခွဲလည်ပတ်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့တာဝန်ခံသည် မြို့နယ်အတွင်းရှိ ဆီစက်များမှ ဒေသတွင်းဖူလုံမှုအပြင် ပိုလျှံသည်အထိ ကြိတ်ခွဲထုတ်လုပ် ဆောင်ရွက်သွားနိုင်ရေး၊ ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ (၁၅.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန် တွင် မြို့ပေါ်ရှိ ဆီစက်များသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးက ဆီစက်လုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ ဆီစက်များ အမှန်တကယ် လည်ပတ်ခြင်းရှိ/မရှိ၊ စျေးနှုန်းစျေးကွက်တို့အား မေးမြန်းဆွေးနွေးခြင်း၊ စားသုံးဆီ ထုတ်လုပ်ရောင်းချရာတွင် ကုန်ကြမ်းမှကုန်ချောသို့ ရောက်ရှိပုံအဆင့်ဆင့် အခြေအနေ များ၊ ထုတ်လုပ်သည့် စားသုံးဆီများ စျေးကွက်သို့ရောင်းချရာတွင် သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားများဖော်ပြထားရှိမှုနှင့် ကုန်စည်အပေါ် အာမခံချက်ပေးထားခြင်းများအတွက် ဆွေးနွေး ခဲ့ပြီးနောက် ဆီထုတ်လုပ်နေမှုနှင့် ထုတ်ပိုးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဓနုဖြူမြို့ ပေါ်ရှိ ဆီစက်များတွင် လက်ရှိ ကြိတ်ခွဲလည်ပတ်မှုနှင့် ထွက်ရှိမှု အခြေအနေများ၊  ဖြန့်ဖြူးရောင်းချမှုကို မေးမြန်းခဲ့ပြီး စားသုံးသူပြည်သူများ လူတန်းစားမရွေး စားသုံးနိုင်ရန် မြေပဲဆီများကို (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)