“ဒလမြို့နယ်ရှိစားအုန်းဆီလက်လီ၊လက်ကားအရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစိစစ် ကြပ်မတ်စစ်ဆေးခြင်း ”

Powered by Drupal

ဒလမြို့နယ် ၊ မတ်  (၁၈) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ရှိ  စားအုန်းဆီ လက်လီ၊ လက်ကား အရောင်းဆိုင်သို့ မတ်လ(၁၂)ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စားအုန်းဆီကိုယ်စား လှယ်များအနေဖြင့် စားသုံးသူပြည်သူများထံသို့ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချနေမှု အခြေ အနေအား ရှောင်တခင်ကွင်းဆင်း စိစစ်ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သန်လျင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် အထူးစုံစမ်းစစ်ဆေးဦးစီးဌာနမှ စစ်ဆေးရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာန ဒလမြို့နယ်တာဝန်ခံတို့ပူးပေါင်း၍စားအုန်းဆီကိုယ်စားလှယ်ရ ဒလမြို့ရှိ ဦးကျော်ဇင်ထူး၏ စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ သွားရောက် တွေ့ဆုံခဲ့ပြီး မိမိအနေဖြင့် စားအုန်းဆီခွဲတမ်းရရှိနေသည့် ကုမ္ပဏီအမည်၊ ခွဲတမ်းရရှိသည့် ပေပါ အရေအတွက်၊ တစ်ရက်ဖြန့်ဖြူး ရောင်းချနေသည့် စားအုန်းဆီပေပါ၊ပိဿာနှင့် ပြည်သူများထံသို့ ပြန်လည်ရောင်းချနေသည့် နှုန်းထား ခွဲတမ်းပုံစံများနှင့် လက်လီ၊ လက်ကား ဈေးနှုန်းများစာရင်း ကောက်ယူခဲ့ပြီး စားအုန်းဆီကိုယ်စား လှယ်အနေဖြင့် တစ်ရက်ထုတ်ယူရရှိသည့် ပေပါနှင့် တစ်ရက်ပြန်လည်ဖြန့်ဖြူးရောင်းချနေသည့် ပေပါစာရင်းကိုက်ညီမှုရှိ/မရှိနှင့် စားအုန်းဆီ ဈေးနှုန်း တည်ငြိမ်မှုရှိစေရန်အတွက် ဈေးကစားရန်ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားခြင်းများ သတ်မှတ်ထားသည့် အခြေခံရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချ ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် စားသုံးသူ ကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး ရှောင်တခင်ကွင်းဆင်း စိစစ်ကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)