ညောင်တုန်းမြို့နယ်တွင် ဧည်မထဆန်များ ဈေးကောင်းရ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၃.၆.၂၀၂၂) နေ့ နံနက်ပိုင်း(၁၀၃၀) အချိန်တွင် ညောင်တုန်းမြို့နယ် (၄)ရပ်ကွက်ရှိ ရွှေပြည်စိုး ဆန်ပွဲရုံသို့ သွားရောက်၍ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ရွှေပြည်စိုး ဆန်ပွဲရုံ ပိုင်ရှင်မှ ညောင်တုန်းမြို့နယ် ဆန်ဈေး ကွက် အခြေအနေများ မိုးစပါး၊ ဆင်းသုခ၊ မနောသုခ၊ ဆန်တစ်အိပ်လျှင် ၃၅၀၀ဝိ/- ဖြင့် အရောင်း အဝယ်ဖြစ်နေပြီး သီးထပ်ရင် ဆန်တစ်အိပ်လျှင် ၃၂၀၀ဝိ/- ဆန်ကွဲ တစ်အိပ်လျှင် ၂၈၀၀ဝိ/- ဖြင့် အရောင်း အဝယ်တွင်ကျယ်လျက်ရှိကြောင်း သိရှိရပါသည်။

           မြို့နယ်ဦးစီးမှူး ဦးအောင်လွင်မှ မြို့နယ် ဈေးကွက်မှ ရန်ကုန်ဈေးကွက် ထိုးဖောက်နိုင်ရေး အရည်အသွေးကောင်းသည့် ဆန်များ ပိုမိုထွက်ရှိနိုင်ရေးတို့ကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)