စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီးသည် ဇွန်လ(တတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ကသာခရိုင်နှင့်မုံရွာခရိုင်တို့တွင် ဈေးအနည်းငယ်တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ(နောက်ဆုံးပတ်)တွင်ဖြစ်ပေါ်နေသေ ာအခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၅၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၅၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊ ရေဦးမြို့မှပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၃၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင် ကျပ် ၅၂၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါတစ်အိတ်လျှင်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါတစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ကျပ် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါတစ်အိတ်မှာ ကျပ် ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါတစ်အိတ်မှာ ကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၀၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၃၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၃၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ ပြည်တစ်အိတ်မှာ ကျပ် ၄၁၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည်တစ်အိတ်လျှင် ကျပ် ၅၅၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၈၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည်တစ်အိတ်လျှင် ကျပ်၃၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည်တစ်အိတ်မှာ ကျပ် ၄၃၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်တစ်အိတ်လျှင် ကျပ် ၅၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ(ပထမ)ပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၄၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၈၆၀၀၊ မကွေးသို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၄၅၀၀၊ စုစုပေါင်းအိတ်ရေ (၇၉၁၀၀) အိတ်၊ တန်အားဖြင့် (၃၉၅၅)စီးထွက်ခဲ့ပြီး၊ ယခုဇွန်လ(ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၉၂၀၀၊ မကွေးသို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း (မြောက်)သို့ အိတ်ရေ ၆၅၀၀၊ စုစုပေါင်းအိတ်ရေ (၉၂၂၀၀) အိတ်၊ တန်အားဖြင့် (၄၆၁၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၃၁၀၀)တန်အားဖြင့် (၆၅၅) ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)