စလင်းမြို့နယ် နှမ်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အနေဖြင့် နှမ်းသီးနှံကို မိုးနှမ်းနှင့်နွေနှမ်းဟူ၍ ယာမြေနှင့်လယ်မြေတို့တွင် ရေသွင်း၍ စိုက်ပျိုးလေ့ရှိကြပါသည်။ ၂၀၂၁ခုနှစ် -၂၀၂၂ခုနှစ်တွင် စလင်းမြို့နယ်အနေဖြင့် နှမ်းစိုက်ဧက (၂၁၇၅၃)ဧက စိုက်ပျိုးပြီး အထွက်နှုန်းအားဖြင့် (၁)ဧကလျှင် ပျမ်းမျှ(၈)တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

            နွေနှမ်းကို နှစ်စဉ်မတ်လနှင့် ဧပြီလတို့တွင် စိုက်ပျိုးပြီး ဇွန်၊ ဇူလိုင်လများတွင် ရိတ်သိမ်းကြပါကြောင်း၊ နှမ်းကို ကျေးရွာအုပ်စု (၆၀)တို့တွင် စိုက်ပျိုးကြပြီး နှမ်းဖြူ၊ နှမ်းဝါ၊ နှမ်းနက်နှင့် စမုံ(နှမ်းနက်)တို့ အများဆုံးစိုက်ပျိုးကြကြောင်း၊ နှမ်းနက်(၁)တင်းကြိတ်ခွဲလျှင် ဆီ(၆)ပိဿာနှင့် (၆)ပိဿာခွဲခန့် ထွက်ရှိကြောင်း၊ (၁)ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ (၃၀၀ဝ၀ဝိ/-)ခန့်ကုန်ကျပြီး (၁)ဧက လျှင်(၇)တင်း၊ (၈)တင်းနှုန်းထွက်ရှိရာ တောင်သူများအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် (၅၀၀၀ဝိ/-) (၆၀၀၀ဝိ/-)ကျပ်ထိ အကျိုးအမြတ်ရရှိခဲ့ပါကြောင်း၊ ထွက်ရှိသည့် နှမ်းများကိုမျိုးနှင့် ဆီကြိတ်စားသုံး ရန်အတွက်ထားရှိပြီး ပိုလျှံသည်များကို မကွေး၊ မင်းဘူးမြို့ရှိ ပွဲရုံများသို့ ရောင်းချကြောင်း၊ ယခင်နှစ်က သီးနှံပေါ်ချိန်တွင် နှမ်း(၁)တင်းလျှင် (၄၅၀၀ဝိ/-)(၅၀၀၀ဝိ/-) ရောင်းချရ၍ ဈေးရရှိခဲ့ကြောင်း တောင်သူထံမှသိရှိရပါသည်။

          ယခင်နှစ်ကနှမ်းအထွက်နှုန်းနည်းခဲ့ပြီး ဈေးနှုန်းအသင့်အတင့်ရှိခဲ့သော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှုအကြိမ်ရေများခြင်း၊ မြေအစိုဓါတ်ရရှိ၍ အပင်ဖြစ်ထွန်းမှုများနှင့် နှမ်းအပွင့်အသီးများ တင်ခြင်း၊ ပိုးမွှားနှင့်မှိုရောဂါများ ကျရောက်မှုနည်းပါးခြင်းတို့ကြောင့် ယခုနှစ်အနေဖြင့် နွေနှမ်း အထွက်နှုန်းမှာ ယခင်နှစ်ကထက် တိုးလာနိုင်ကြောင်း၊ ဈေးနှုန်းမှာလည်း ယခင်နှစ်က (၃၀၀ဝ-၅၀၀ဝ) ကြား ပို၍ တောင်သူများ အကျိုးဖြစ်ထွန်းမှုကို ယခင်နှစ်ကထက်သာမည်ဟု မျှော်မှန်းရကြောင်း၊ ရွာတန်းရှည်ကျေးရွာရှိ နှမ်းစိုက်တောင်သူ ဦးငွေသောင်းထံမှ သိရှိရပါသည်။

DOCA(မကွေး)