လွိုင်ကော်မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ(၁၅)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်နှင့် ဈေးပိုင်းရပ်ကွက်ရှိ ကုန်စုံဆိုင် များသို့  ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကော်ဖီ( 3 in 1 )၊ သွားတိုက်ဆေးနှင့် ဖြည့်စွက် အစားအစာများကို သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ တင်သွင်းဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းရှိ/မရှိကို ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး‌ခြင်း ဆောင်ရွက်ခဲ့ ပါသည်။

              ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ရာတွင် အဆိုပါဈေးဆိုင်များ၌ ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကော်ဖီ( 3 in 1 )၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများ ရောင်းချနေမှုမရှိကြောင်း စိစစ်တွေ့ရှိရပြီး ရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် တရားဝင်မှတ်ပုံတင်ထားသော ကုန်ပစ္စည်းများကိုသာ တင်သွင်းဖြန့်ဖြူးရောင်းချကြရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချကြရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)