မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် တာဝန်ခံနှင့် ကျိုက်မရောမြို့နယ်ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင် အမက(မူလွန်)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။
အဆိုပါဟောပြောပွဲ၌ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျိုက်မရောမြို့နယ်၊ ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက မူးယစ်ဆေးဝါးကင်းစင်ရေး အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူနှင့် စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူ တာဝန်များ(၄)ချက်၊ စားသုံးသူနစ်နာ လျင်တိုင်ကြားနိုင်သည့် နေရာနှင့်တိုင်ကြား နိုင်သူများ၊ ကုန်စည်ပေါ်မှာကုန်အညွှန်းအမှတ်အသားပြည်စုံမှ စားသုံးသူများ စားသုံးကြရန် ကုန်အညွှန်းအမှတ်သားဖော်ပြချက်တို့အား အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် ကျိုက်မရောမြို့နယ်တာဝန်ခံဦးအောင်ညီညီခန့်က ကျောင်းအုပ်ဆရာမကြီးအား စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား သွားရောက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)