ဈေးကောင်းရနေတဲ့ မန်ကျည်းသီးနု( ခေါ်)မန်ကျည်းသီးစိမ်း

Powered by Drupal

         ရှမ်းပြည်နယ်(တောင်ပိုင်း)ဈေးကွက်တွင်  ညောင်ရွှေမြို့အတွင်းရှိ မိုင်းသောက်၊ စံကား စတဲ့ဒေသများနှင့် အနီးတဝိုက်ရှိမြို့နယ်များမှထွက်ရှိသည့် မန်ကျည်းသီးနုများ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိပါတယ်၊၊ မန်ကျည်းသီးနုများကို ဇွန်လတွင် စတင်ခူးဆွတ်ပြီး ဩဂုတ်လကုန် ပိုင်းခန့်ထိ အသီးနုများခူးဆွတ်ကာ စက်တင်ဘာလပိုင်းတွင် အသီးနုများခူးဆွတ်မှုကို လုံးဝရပ်နားတယ်လို့သိရပါတယ်၊၊ စက်တင်ဘာလနောက်ပိုင်းမှာတော့ မန်ကျည်းသီးများမှာ အကြောများထွက်လာသဖြင့် အသီးစတင်ရင့်မှည့်ခံကာ မန်ကျည်းသီးမှည့်အဖြစ် အခွံခွာအစေ့ထုတ်ပြီး မန်ကျည်းသီးမှည့်အဖြစ်ရောင်းချတယ်လို့ သိရပါတယ်၊၊ မန်ကျည်းသီးမှည့်များကိုတော့ ဖေဖော်ဝါရီလလောက်တွင် စတင်ခူးဆွတ်ပြီး မတ်လကုန်ပိုင်းတွင် အပြီးအပြတ်ခူးဆွတ်တယ်လို့လဲ သိရပါတယ်၊၊ မန်ကျည်းသီးနုများကိုခူးဆွတ်ချိန်တွင် အသီးကိုညာပြီးခူးဆွတ်ရလို့ အသီးစပေါ်ချိန်တွင် တစ်ရက်လျှင် ပိဿာ(၁၀၀/၂၀၀) ခန့်သာအဝင်ရှိပြီး အသီးလှိုင်ချိန်မှာတော့ ပိဿာ(၇၀၀ မှ ၁၀၀၀ ကြား) အဝင်ရှိတယ်လို့ သိရပါတယ်၊၊ မန်ကျည်းသီးနုများကို အဓိကရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ဈေးနှုန်းကတော့ အသီးလှရင်လှသလို တစ်ပိဿာလျှင် လက်ကားဈေး(၅၀၀ဝိ/-မှ ၆၅၀ဝိ/-)ထိ ဈေးနှင့်  လက်လီဈေးကတော့ တစ်ပိဿာ(၁၀၀၀ဝိ/-)ဈေးရှိပါတယ်၊၊ မန်ကျည်းသီးအမှည့်ကတော့ တစ်ပိဿာကို (၅၀၀ဝိ/-၆၀၀ဝိ/-)ဈေးရှိတယ်လို့ သိရှိရပါတယ်။

DOCA(ရှမ်း)