ကညွတ်စိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

         ကညွတ်သည် အာဟာရဓါတ်များပြည့်ဝစွာပါဝင်သော အစားအစာဖြစ်သည့်အပြင် အဆီပါဝင်မှု မရှိသလောက်နည်းပြီး ကယ်လိုရီပါဝင်မှုလည်း အလွန်နည်းပါးသောကြောင့် နေ့စဉ်စားသောက်သည့်ဟင်းလျာများတွင် ထည့်သွင်းစားသောက်သင့်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ကညွတ်စားသုံးခြင်းဖြင့် အရိုးသန်မာစေခြင်း၊ ရောင်ရမ်းမှုကိုလျော့ကျစေခြင်း၊ ဆီးရွှင်စေခြင်း၊ အစာချေလမ်းကြောင်းအတွက်အကျိုးပြုခြင်း၊ ကိုယ်ဝန်အတွက်ကောင်းကျိုးပြုခြင်း၊ ကင်ဆာဆဲလ်တိုက်ဖျက်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးခြင်း၊ နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓါတ်ထိန်းညှိခြင်း၊ အရေပြားကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ အဆစ်အမြစ်နာရောဂါကိုသက်သာစေခြင်း၊ သွေးတိုးကျစေခြင်း၊ တီဘီရောဂါကိုသက်သာစေခြင်း၊ သွေးကြောကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ကိုယ်ခံအားကိုကောင်းစေခြင်း းစသည်ဖြင့် ကျန်းမာရေးအတွက် များစွာအကျိုးပြုပါသည်။

        ကညွတ်ကို မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ မင်းဘူး၊ ဆင်ပေါင်ဝဲ၊ မြို့သစ်၊ ငဖဲ၊ ပေါက်၊ ကျောက်ထု၊ ဆော၊ ဂန့်ဂေါ စသည့်မြို့နယ်များတွင် စိုက်ပျိုးကြပြီး အခြားတိုင်းဒေသကြီးများတွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ မျိုးစေ့မှ ပျိုးထောင်ပါက တစ်နှစ်ခန့်ပျိုးထောင်ရကြောင်း၊  တစ်ဧကလျှင်မျိုးစေ့ (၄)ပေါင်လိုအပ်ပြီး မြစ်ဥကလေးများ (Crowns) တစ်ဧကလျှင် (၂၅,၀၀၀ - ၃၀,၀၀၀) ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။  မျိုးစေ့ကိုစိုက်လျှင် တစ်ပင်နှင့်တစ်ပင် (၁ - ၁.၅)ပေ၊ တစ်တန်းနှင့်တစ်တန်း(၂ - ၂.၅)ပေခန့်အထိထား၍ စိုက်ပျိုးရပြီး အစေ့မှအပင်ပေါက်ရန် နှစ်ပတ်မှခြောက်ပတ်အထိ ကြာတတ်သဖြင့် အပူချိန် ၃၀ဒီဂရီ စင်တီဂရိတ်ရှိသောရေတွင် လေးမိနစ်ခန့်စိမ်ပြီးစိုက်ခြင်းဖြင့် ငါးရက်အတွင်းအပင်ပေါက်ပြီး ရေကိုတစ်နေ့တစ်ခါလဲပေးရကြောင်း၊ ကညွတ်တစ်ဧကခွဲစိုက်ပျိုးလျှင် တစ်ပတ်တစ်ကြိမ်ခူးနုတ်ပါက ၁၀ပိဿာကျော်ထွက်ရှိကြောင်း သိရှိရပါသည်။ ထို့ပြင် တောင်ပေါ် ဒေသနှင့်အေးသောအရပ်ဒေသများတွင် ပိုမိုဖြစ်ထွန်းအောင်မြင်လွယ်ကြောင်း သိရှိရပါသည်။ အပင်အရွယ်အစားကိုလိုက်၍ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ခန့်မှ (၆၀၀၀)ကျပ်ခန့်အထိ ဈေးကောင်းရနေပြီး ကညွတ်စိုက်တောင်သူများအနေဖြင့်လည်း ကညွတ်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေကောင်းလျှက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

DOCA(မကွေး)