မကွေးမြို့နယ်၊ စက်သုံးဆီ(ဓါတ်ဆီ၊ ဒီဇယ်)စျေးနှုန်းများ အခြေအနေ

Powered by Drupal

        ယနေ့ခေတ်တွင် စက်သုံးဆီသည် မရှိမဖြစ်ကုန်စည်အမယ်တစ်ခုဖြစ်လာပြီး နေ့စဉ်လူနေမှုဘဝတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုလျှက်ရှိသည်။ စားသောက်ကုန်ပစ္စည်းစျေးနှုန်းများသာမက ကျန်ကုန်စည်များ၏စျေးနှုန်းများသည်လည်း  စက်သုံးဆီစျေးနှုန်းအတက်အကျပေါ်တွင် မူတည်လျှက်ရှိပါသည်။ စက်သုံးဆီရည်ညွှန်းဈေးနှုန်းများဖြင့် ပြည်သူများအဆင်ပြေစွာဝယ်ယူရရှိနိုင်ရေး စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ပေါင်းစပ်ညှိနှိုင်း၍ မကွေးတိုင်းဒေသကြီးတွင် နေ့စဉ်စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရောင်းချမှုအခြေအနေများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

    မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိပြီး မကွေးစျေးကွက်တွင် ဓါတ်ဆီရော၊ ဒီဇယ်ပါ ပြတ်လပ်မှုမရှိဘဲ ပုံမှန်အရောင်းအဝယ်ရှိနေကြောင်း၊ (၁၆.၆.၂၀၂၂)ရက်နေ့ Denko ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေသည့် (၁)လီတာဈေးနှုန်းမှာ အောက်တိန်း(95) (၁)လီတာလျှင် (၂၃၈၅/-)ကျပ်၊ အောက်တိန်း(92) (၁)လီတာလျှင် (၂၂၉၅/-) ကျပ်၊ ဒီဇယ်(၁)လီတာလျှင် (၂၆၅ဝိ/-) ကျပ်၊ အဆင့်မြင့် ဒီဇယ်(၁)လီတာလျှင် (၂၆၈ဝိ/-)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)