စစ်ကိုင်းတိုင်းဒေသကြီး၊ မြေထောက်ပဲအရည်အသွေးကောင်းမွန်စွာ ရောင်းချလျှက်ရှိ

Powered by Drupal

            ၂၀၂၂ခုနှစ်  ဧပြီလ၏  အဓိကပို့ကုန် (၁၀)မျိုးအနက်  ပဲတီစိမ်းနှင့် မတ်ပဲ ပါဝင်ပြီးနောက်  မြေထောက်ပဲသည် (၁၀)ခုမြောက်တွင်ရှိနေပြီး  မက်တန်ချိန် (၁၁၀၀၀)ကျော်ကို ကန်ဒေါ်လာ   (၈)သန်းကျော်ဖိုးတင်ပို့ခဲ့ကြောင်း စာရင်းသိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်စဉ် မြေထောက်ပဲဧက (၆၅၀၀၀) ကျော်စိုက်ပျိုး ထုတ်လုပ်သည်။  ချင်းတွင်းမြစ်ရိုးတလျှောက် ဒေသများဖြစ်သော ကလေး၊တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်းမြို့နယ်များ၊ ဧရာဝတီ မြစ်ရိုးတလျှေက်ဒေသများဖြစ်သော  ကသာ၊ ထီးချိုင့် မြို့နယ်များတွင် စိုက်ပျိုးထွက်ရှိသည်။ ကသာနယ်ထွက်  မြေထောက်ပဲများက မုံရွာကုန်စည်ဒိုင်သို့ ရောက်မလာဘဲ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဘက်စီးထွက်ပြီး တရုတ်သို့ တင်ပို့သည်။ ချင်းတွင်းမြစ်ရိုးဘက်က  စိုက်ဧက (၂၇၀၀၀)  ခန့်မှ မြေထောက်ပဲများက  မုံရွာကုန်စည်ဒိုင်သို့ ဝင်ရာက်ပြီး မန္တလေး၊ ရန်ကုန်သို့ တင်ပို့ ရောင်းချပါသည်။ အောက်တိုဘာလတွင် စိုက်ပျိုးသော မြေထောက်ပဲများသည် ဖေဖော်ဝါရီလဆန်းတွင် စတင်ထွက်ပေါ်ပြီး  တစ်ဧကလျှင်(၂၀)တင်းခန့်ထွက်ရှိသည်။ ဟုမ္မလင်း၊ ဖောင်းပြင်ဒေသထွက်  မြေထောက်ပဲသည် အရောင်ညို့ပြီး  အရောင်အသွေး ပိုမိုကောင်းမွန်ကြောင်း သိရသည်၊၊ တောင်သူများသည် မုံရွာမြို့က ပွဲရုံတွေနဲ့ချိတ်ဆက်ပြီး  ပဲဈေးကွက်အနေအထားကို စုံစမ်းလေ့လာစိုက်ပျိုးလေ့ရှိသည်။  ၁၈ ပိဿာဝင် ၁တင်းလျှင် ယခင်နှစ်က (၃၃၀၀၀)ကျပ် ဈေးပေါက်ခဲ့ပြီး  ယခုနှစ်ပေါ်ကာစတွင်  (၄၁၀၀၀) ကျပ် ဖြစ်ကာ  မန္တလေးဈေးကွက်တွင် ၃တင်း ၁အိတ် ၅၄ ပိဿာကို (၁၅၀၀၀၀) ဖြင့် အရောင်းအဝယ်ကောင်း ခဲ့သည်။ မုံရွာကုန်စည်ဒိုင်ဈေးအနေဖြင့် ၁၈ပိဿာ ၁တင်းလျှင် ဧပြီလက (၄၅၀၀၀) မေလတွင် (၅၀၀၀၀) ဇွန်လတွင် (၅၄၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ယခုဇွန်လလယ်တွင် ပစ္စည်းအဝင်မရှိတော့ဘဲပွဲရုံများကနေ မန္တလေးသို့ မြေထောက်ပဲများ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ မြေထောက်ပဲကို မြေတန်ဖိုးမြှင့်ထုတ်ကုန်၊ ကုန်ချောများပြုလုပ်၍ ထပ်ဆင့်တင်ပို့ ရောင်းချရန် တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံများက နှစ်သက်ဝယ်ယူလျှက်ရှိပြီး၊ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း  အကျိုးအမြတ် ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)