ပုသိမ်မြို့အတွင်း ဖရဲသီးဈေးကွက်အခြေအနေ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဖရဲသီးအများအပြားရောင်းချလျက်ရှိပါသည်။ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဆောင်းစပါးစိုက်ပျိုး၍မရသော မြေပေါ်တွင် ကိုင်းသီးနှံအဖြစ် ဝါးဒူး ကျေးရွာ နှင့် ကျောင်းကုန်းဒေသဘက်မှ အများဆုံးစိုက်ပျိုးကြပြီး ယိုးဒယားဖရဲသီးနှင့် မြန်မာဖရဲသီးဟူ၍ ရောင်း ချလျက်ရှိပါသည်။ ယိုးဒယားဖရဲသီးမှာ မျိုးစေ့ကိုယူ၍ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

          ဖရဲသီးသည် အရည်ရွှမ်း၍ အချိုတည်းစားသုံးရန် နွေရာသီ၏ ရာသီဓာတ်စာတစ်ခုအဖြစ် အသုံးဝင်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ ဈေးနှုန်းမှာ အရွယ်အစားအပေါ်မူတည်၍ ၃၀၀၀၊ ၅၀၀၀၊ ၇၀၀၀၊ ၁၀၀၀၀ ကျော်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)