ပခုက္ကူ ကြက်သွန်ကုန်စည်ဒိုင်တွင် ဈေးတက်နေသော ရွှေ ကြက်သွန်နီ

Powered by Drupal

        ယခုတစ်ပတ် ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်တွင်  ကြက်သွန်နီဈေးမှာ တစ်ဖြည်းဖြည်း ဈေးနှုန်းမှာ မြင့်တက်လျက်ရှိနေပါသည်။ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ပခုက္ကူကျွန်းမှဆောင်းစိုက်များ လှိုင်လှိုင်ထွက်ရှိနေပါသည်။  ဇွန်လပထမပတ်အတွင်း ကြက်သွန်နီလက်ကားဈေးနှုန်းမှာ   အရည်အသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ အလတ်စတစ်ပိဿာလျှင် ၁၅၀၀ကျပ် ၊ အနိမ့်စတစ်ပိဿာလျှင် ၁၂၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နေ့စဉ်ကုန်ချိန် ၅၀၀၀၀ မှ ၁၀၀၀၀၀ ကျော်ထိ အရောင်းအဝယ်ဖြစ်နေပြီး ပြည်ပနိုင်ငံများမှာလည်း ပြန်လည်ဝယ်ယူနေကြောင်း၊ ဗီယက်နမ်နိုင်ငံသို့လည်း တင်ပို့လျက်ရှိကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။

      ပခုက္ကူမြို့မစည်ပင်ဈေးနှင့်ပန်းခြံဈေးတို့တွင် ရောင်းချနေသောလက်လီဈေးမှာ  အရည်အသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာ လျှင် ၂၀၀၀ ကျပ် ၊ အလတ်စတစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ အနိမ့်စတစ်ပိဿာလျှင် ၁၅၀၀ ကျပ် မှ ၁၇၀၀ ကျပ် ဈေးဖြင့် ရောင်းချနေကြောင်းနှင့် ဝယ်ရောင်းလုပ်ငန်းရှင်များ၊ စိုက်ပျိုးတောင်သူများ တွက်ချေကိုက်နေကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)