ရွှေဘိုမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေဘိုခရိုင်အတွင်း ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်း၊ ဈေးကွက်၊ လက်ကျန်နှင့် စီးဝင်၊ စီးထွက်မှုအခြေအနေများကို  အပတ်စဉ် တင်ပြလျှက်ရှိပါသည်။

          ဇွန်လ(၁၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးကျေးရွာရှိ “မြတ်ပွင့်ခိုင်” ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ဆန်၊စပါး ဈေးနှုန်း၊ဈေးကွက်နှင့် ဆန်နှင့်ဆန်ထွက်ပစ္စည်း ဈေးနှုန်းများ ကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ လုပ်ငန်းရှင်မှ မိမိ၏ဆန်စက်သည် တန်(၈၀)ကျ ဆန်စက်ဖြစ်ပြီး လတ်တလောအချိန်တွင် နေ့စဉ်ပုံမှန်ကြိတ်ခွဲခြင်းမဟုတ်ဘဲ ဆန်အမှာရှိသည့်အပေါ် မူတည်၍သာကြိတ်ခွဲကြောင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ရွှေဘိုပေါ်ဆန်းစပါးနှင့် ဧရာမင်းစပါးများကို ဝယ်ယူ ကြိတ်ခွဲလျက်ရှိကြောင်း၊ ရွှေဘိုပေါ်ဆန်းစပါး (၁၆)ပြည် တင်း(၁၀၀)လျှင် (၁၄၅၀၀၀ဝိ/-)မှ(၁၅၀၀၀၀ဝိ/-) ထိပေါက်ဈေးရှိပြီး ဧရာမင်းစပါး (၁၆)ပြည် တင်း(၁၀၀)လျှင် (၁၀၀၀၀၀ဝိ/-)မှ (၁၁၀၀၀၀ဝိ/-)ထိ ပေါက်ဈေးရှိကြောင်း၊ ရွှေဘိုပေါ်ဆန်း(အိုးဝင်)ဆန် (၁၀၈)ပေါင် တစ်အိတ်လျှင် (၅၃၀၀ဝိ/-)မှ(၅၈၀၀ဝိ/-)ထိ ပေါက်ဈေးရှိပြီး ဧရာမင်း(အိုးဝင်)ဆန် (၁၀၈)ပေါင် တစ်အိတ်လျှင် (၄၅၀၀ဝိ/-)မှ (၅၀၀၀ဝိ/-)ထိ ပေါက်ဈေး ရှိကြောင်း၊ ဆန်လတ်ကြီး တစ်အိတ်လျှင် (၃၂၀၀ဝိ/-)ပေါက်ဈေးရှိပြီး ဆန်ကွဲကြီး/သေး (၃၀)ပိဿာဝင် တစ်အိတ်လျှင် (၂၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိကြောင်း၊ ဖွဲု(၁၈)ပိဿာ တစ်အိတ်လျှင် (၁၂၅၀ဝိ/-)မှ (၁၃၀၀ဝိ/-) ထိပေါက်ဈေးရှိကြောင်း၊ ကြိတ်ခွဲရရှိသည့်ဆန်များကို ရွှေဘိုမြို့ရှိပွဲရုံမျာနှင့် ရန်ကုန်မြို့သို့ အဓိကတင်ပို့ပြီး အခြားမြို့များသို့လည်း မှာယူသည့်အပေါ်မူတည်၍ တင်ပို့လျက်ရှိကြောင်း၊ ဆန်ထွက်ပစ္စည်းများကို တိရစ္ဆာန်စာရောင်းချသူများ၊ ရွှေဘိုမြို့ရှိပွဲရုံများနှင့် တိရစ္ဆာန်မွေးမြူသူများသို့ ရောင်းချလျှက်ရှိကြောင်း၊ လက်ရှိအချိန်တွင် တောင်သူများမှ စပါးရောင်းလိုအားများပြီး ဆန်ဝယ်ယူမှုအနေဖြင့် ပုံမှန်သာရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)