ပြည်မတ်ပဲသီးနှံဈေးအမြင့်ဖြင့် ဆက်လက်ရောင်းဝယ်မှုဖြစ်နေ

Powered by Drupal

              ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဇွန်လဆန်းပိုင်းမှစ၍ ပဲဈေးနှုန်းအားလုံးလိုလို ဈေးမြင့်တက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ မတ်ပဲသီးနှံမှာ ပဲအဝင်သိပ်မရှိသော်လည်း လက်ကျန်လှောင် ပဲများရှိတာကြောင့် ဝယ်လိုအားရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲဈေးမှာ ပိဿာ ၂၀ တစ်တင်း ၅၀၅၀၀ကျပ်ဖြင့် ယခင်အပတ်ကထက် ဈေးပိုရလာခဲ့သလို ယခင်နှစ်က ဈေးထက်လည်း ဈေးပိုရလျှက်ရှိခဲ့ပါသည်။ ယခင်နှစ်က ဇွန်လတွင် မတ်ပဲဈေးမှာ တစ်တင်း ၃၄၅၀၀ကျပ် သာရရှိခဲ့၍ ယခုနှစ်မတ်ပဲဈေးသည် ဈေးအမြင့်တွင် ဆက်လက်ရပ်တည်နေခဲ့သောကြောင့် ပဲလှောင်သူ တောင်သူအချို့နှင့် ကုန်သည်များကလည်း ပဲဈေးအတက် ဆက်မျှော်ကာ ရောင်းချမှု မရှိသေးဘဲ လှောင်ပဲများ လက်ဝယ်ထားရှိနေကြသည်ကိုလည်း တွေ့ရှိရပါသည်။ ပဲစင်းငုံသီးနှံအနေဖြင့် ပဲဈေးနှုန်း ဈေးကောင်းရနေသော်လည်း ယခုတစ်ပတ်အတွင်း ပြည်ပဲဈေးကွက်တွင် အရောင်းအဝယ် မဖြစ်ဘဲ အရောင်းအဝယ်အေးနေခဲ့ကြပါသည်။ လှောင်ပဲများရှိနေပြီး ပဲဈေးမှာ တစ်တင်း ၄၈၅၀၀ ကျပ်ဖြင့် ဈေးအမြင့်အတိုင်းရှိခဲ့ပါသည်။ ယခင်နှစ်က ပဲစင်းငုံသီးနှံ၏ ဇွန်လပေါက်ဈေးမှာ တစ်တင်း ၃၂၅၀၀ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့သည့်အတွက် ယခုနှစ်တွင် ပဲစင်းငုံသည် ဈေးကောင်းရနေသော သီးနှံဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)