ဆီစက်သမားများအဝယ်ရှိသဖြင့် ပြည်မြေပဲဆန်ဈေးမြင့်

Powered by Drupal

        ယခုဇွန်လ တတိယပတ်တွင်း မြေပဲဆန် အဝင်မရှိဘဲ ဈေးကွက်လက်ကျန်များဖြင့်သာ ဆီစက်သမားများက အဝယ်ရှိသဖြင့် ဇွန်လ တတိယပတ်တွင် ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ မြို့တွင်းဆီစက်သမားများက ဆီကြိတ်ရန် ဝယ်လိုအားများသဖြင့် ဈေးကွက်တွင် မြေပဲဆန်လက်ကျန် မရှိသလောက်နည်းသွား၍ မကွေးနှင့် မြင်းခြံဘက်သို့ သွားရောက်၍ ဝယ်ယူကြိတ်ခွဲနေကြောင်းသိရပါသည်။ မိုးမြေပဲများစိုက်ပျိုးရန် အချိန်ရောက်ရှိနေသဖြင့် ဈေးကွက်သို့ ပဲဆန်ဝင်ရောက်မှုမရှိသဖြင့် ဈေးမြင့်တက်လာကြောင်း သိရပါသည်။ ဇွန်လတတိယပတ်တွင် မြေပဲဆန်ဈေးများမှာ ဆီဆန် (အဖြူ) တစ်ပိဿာလျှင် ၄၂၀၀ကျပ်၊ ဆီဆန်(အနီ) တစ်ပိဿာလျှင် ၄၁၈၀ကျပ်နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင် ၄၄၀၀ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် ၄၃၀၀ကျပ်ဖြင့် ယခင်ဇွန်လဆန်းထက်စာရင် ဈေးမြင့်လာတာတွေ့ရပါသည်။ မြေပဲသီးနှံဈေးများမြင့်လာသလို မြေပဲဆီဈေးမှာလည်း ၉၀၀၀-၉၅၀၀ကျပ်ဖြင့် ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

DOCA(ပဲခူး)