ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျှက်ရှိ

Powered by Drupal

               ပြည်ဈေးကွက်အတွင်း ဇွန်လပထမပတ်မှစ၍ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျှက်ရှိပြီး ကြက်သွန်နီ(အလတ်စ) တစ်ပိဿာလျှင် ယခင်ပျမ်းမျှ ကျပ် ၁၂၀၀ရှိခဲ့ရာ ယခုကျပ် ၂၀၀၀ခန့်ရှိ၍ ကျပ် ၈၀၀ခန့် မြင့်တက်သွားကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်သို့ တောင်တွင်းဘက်မှ ပိဿာ (၃၀)ဝင်အိတ် ၂၀၀ကျော်၊ ရေနံချောင်းဘက်မှ အိတ် ၁၅၀ခန့်နှင့် မကွေးဘက်မှ အိတ် ၁၂၀ခန့်ကို ရက်ခြားအဝင်ရှိနေသည်။ အရောင်းအဝယ်အနေဖြင့် ပုံမှန်ရောင်းဝယ်မှုရှိနေပြီး ဒေသတွင်းစီး ဆင်းမှုအနေနဲ့ သာယာဝတီခရိုင်နှင့် ပန်းတောင်း(ဥသျှစ်ပင်)သို့လည်းကောင်း၊ နယ်ကျော်/ တိုင်း ကျော်စီးဆင်းမှုအနေနဲ့ ဧရာဝတီ(ပုသိမ်၊ ကြံခင်း)ဘက်သို့လည်းကောင်း စီးဆင်းမှုများရှိနေပါသည်။ ဈေးနှုန်းအနေနဲ့ ပွဲရုံလက်ကားဈေး တစ်ပိဿာကို ကြီး/လတ်/သေး ကျပ် ၁၉၀၀/၁၈၀၀-၁၇၀၀/ ၁၆၀၀ တို့ရှိပြီး လက်ကားဈေးအသေးများတွင် ၂၁၀၀/၂၀၀၀-၁၉၀၀/၁၈၀၀ နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ်လျက်ရှိနေပါသည်။

DOCA(ပဲခူး)