တောင်ငူမြို့တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

          တောင်ငူမြို့တွင် ကြက်သွန်နီဈေးနှုန်းမှာ ယခင်မေလက တစ်ပိဿာလျှင် ၈၀၀ ကျပ်သာရှိရာမှ ယခုဇွန်လအစောပိုင်းတွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်အထိ မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။

          ယခုကဲ့သို့ ဈေးနှုန်းများတက်လာရခြင်းမှာ မိုးဦးစော၍ မိုးများစွာရွာသွန်းခြင်းကြောင့် ကြက်သွန်နီခင်းများ မိုးမိ၍ ပျက်စီးဆုံးရှုံးရခြင်းနှင့် သယ်ယူပို့ဆောင်ရာတွင် စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်၍ ကားခများဈေးတက်ခြင်းကြောင့် ဖြစ်ပါသည်။

          ရှေ့ဆက်၍ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်အထိ မြင့်တက်နိုင်ကြောင်းနှင့် ဈေးတက်သော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိပါကြောင်း ညောင်ပင်ဈေးရှိ ကုန်စုံဆိုင်တစ်ဆိုင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)