ပြည်ခရိုင်နွေစပါး ဈေးမြင့်တက်

Powered by Drupal

           ပြည်ခရိုင်အတွင်း နွေစပါးဈေးမှာ မြို့နယ်အလိုက် ဈေးမြင့်တက်နေပါသည်။ ပြည်မြို့နယ် တွင် ဇွန်ပထမပတ်က (၄၆)ပေါင်တင်း(၁၀၀) ၇၅၀၀၀၀ ကျပ်၊ ဇွန်တတိယပတ်မှာ (၄၆)ပေါင်တင်း (၁၀၀)လျှင် ၇၇၀၀၀၀ကျပ်၊ ပေါင်းတည်မြို့နယ်တွင် ဇွန်ပထမပတ်က (၄၆)ပေါင်တင်း (၁၀၀) ၆၆၀၀၀၀ကျပ်၊ ဇွန်တတိယပတ်မှာ (၄၆)ပေါင်တင်း(၁၀၀)လျှင် ၇၄၀၀၀၀ကျပ်၊ သဲကုန်းမြို့နယ်တွင် ဇွန်ပထမပတ်က (၄၆)ပေါင် တင်း(၁၀၀)၇၂၀၀၀၀ ကျပ်၊ ဇွန်တတိယပတ်မှာ (၄၆)ပေါင်တင်း (၁၀၀)လျှင် ၇၃၀၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ဇွန်ပထမပတ်က (၄၆)ပေါင်တင်း (၁၀၀) ၆၆၀၀၀၀ ကျပ်၊ ဇွန်တတိယပတ်မှာ (၄၆)ပေါင်တင်း(၁၀၀)လျှင် ၇၅၀၀၀၀ကျပ် ဖြင့်အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ ဆန်ဈေးအနေနဲ့ကလည်း တစ်အိတ်လျှင် ၃၂၀၀၀ကျပ်ထိဈေးရှိပြီး ဆန်သား မှာအဟောင်းကဲ့သို့ စားလို့ကောင်းသည့်အတွက် စားသုံးသူများကြိုက်နှစ်သက်ကြောင်း၊ နွေဆန်များ မှာတိရိစ္ဆာန်အစာအဖြစ် ကြိုချက်ရာတွင်လည်း ကောင်းမွန်သည့်အတွက် အရောင်းအဝယ်သွက်ကြောင်း၊ ဈေးကွက်အတွင်းနွေစပါးနှင့်နွေဆန်များမှာ သုံးစွဲသူများသည့်အတွက် နွေစပါးဈေးမြင့် တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)