ဈေးနှုန်းများကျဆင်းနေသော ဗမာသံပုရာသီး

Powered by Drupal

          ယခုအပတ် ပြည်မြို့၏ ဗမာသံပုရာဈေးကွက်တွင် ဈေးကျဆင်းလျှက်ရှိပါတယ်။ အလုံးကြီး တစ်လုံး(၂၃)ကျပ်၊ အလတ်တစ်လုံး (၁၅)ကျပ်နှင့် အသေးတစ်လုံး (၇)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိနေပြီး ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ လားရှိုး၊ တောင်ကြီးမြို့များသို့ တစ်နေ့လျှင် ပျမ်းမျှ (၂)အိတ်မျှသာ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ တစ်အိတ်လျှင် ဗမာသံပုရာ အလုံးချော (၁၅၀၀)ခန့် ဝင်ဆံ့ကြောင်း သိရပါသည်။

          မန္တလေး၊ မူဆယ်၊ လားရှိုး၊ တောင်ကြီးဈေးကွက်များမှာ အခွံစိမ်း ဗမာသံပုရာသီးများကိုသာ ဝယ်ယူကြသဖြင့် ပယ်သီးဟုခေါ်သော အခွံဝါသီးများကို မြို့တွင်းဈေးကွက်၌သာ ပြန်လည်ရောင်းချရကြောင်း သိရပါတယ်။ အမှည့်အစိမ်းရောရာ ဗမာသံပုရာသီးစစ်စစ်အလုံး (၁၀၀)ကို ၁၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)