မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၁)ဦး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦး၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း(၁)ဦး၊ စုစုပေါင်း ဝန်ထမ်း(၇)ဦးတို့သည် (၁၆.၆.၂၀၂၂)  ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များ၊ ချင်းတွင်းရတနာဈေးနှင့်မြသလ္လာဈေးရှိ စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းရာတွင် ဆီရောင်းချသည့်ဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ သည် လာမည့် ဇွန်လ(၁၉)ရက်တွင် (၆)လ ပြည့်မြောက်တော့မည်ဖြစ်၍ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ လိုက်နာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ တစ်ဆင့်မှာယူရောင်းချကြသော ဆီဆိုင်များအနေဖြင့်လည်း ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ပါကုန်အညွှန်းအမှတ်အသားဖော်ပြချက်အတိုင်း ဆီများတွင် ပါဝင်သောအမျိုးအစားများ တိကျပြည့်စုံမှန်ကန်မှုရှိစေရန်အတွက် ပြည်တွင်းသို့ တင်သွင်း၊ ထုတ်လုပ်သောကုမ္ပဏီများသို့ တောင်းဆိုကြပါရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)