ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ဓါတ်မြေဩဇာဆိုင်နှင့် စိုက်ပျိုးရေးဆေးဆိုင်များအား (၁၇.၆.၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အင်္ဂပူမြို့ပေါ်ရှိ ဓါတ်မြေဩဇဆိုင်နှင့် စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ စားသုံးသူဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းတို့ကို ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၇)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)