မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးအနည်းငယ်မြင့်တက်လာ

Powered by Drupal

          မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးကို ဒေသအတွင်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျှက်ရှိသော်လည်း ယခုအချိန်သည် ခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်မဟုတ်သည့်အတွက် ဒေသတွင်းလုံလောက်စွာ မထွက်ရှိတော့သဖြင့် အခြားမြို့နယ်များမှ တစ်ဆင့်ပြန်လည်ဝယ်ယူရောင်းချရသောကြောင့် ခရမ်းချဉ်သီးဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။ ခရမ်းချဉ်သီးများကို အင်းလေး၊ အောင်ပန်းတို့ဘက်မှ ဝယ်ယူရောင်းချရရှိကြောင်း၊ သယ်ယူစရိတ်၊ ကားခနှင့်လုပ်သားခဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ပေါက်ဈေးနှုန်းမှာ အနည်းငယ် အတက်အကျ ရှိနိုင်ကြောင်းသိရသည်။ မုံရွာမြို့နယ်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခင်မေလ တတိယအပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၃၀၀-၁၄၀၀ထိ ပေါက်ဈေးရှိခဲ့ကြောင်း၊ ယခုဇွန်လ တတိယအပတ်တွင် ကျပ် ၁၈၀၀-၂၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊  ဈေနှုန်းမြင့်ရခြင်းမှာ ခရမ်းချဉ်သီး ရာသီချိန် မဟုတ်တော့သဖြင့် ဒေသတွင်းစိုက်ပျိုးထွက်ရှိမှု နည်းသွားခြင်း၊ ဝယ်လိုအားများလာခြင်းနှင့် အခြားဒေသများမှ တင်သွင်းရခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်လာကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာ