ကသာအာလူးဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

          ကသာခရိုင်အတွင်းရှိ မြို့နယ်များသို့ အာလူးဝင်ရောက်မှုအနေဖြင့် မန္တလေး၊ မုံရွာဘက်မှ တစ်ပတ်လျှင် ပိဿာ(၃၀)ပါ အိတ်(၁၀၀)မှ (၁၅၀)ခန့်ထိ ဝင်ရောက်လျက်ရှိပြီး ကသာမြို့ပေါ်ရှိ ဈေး နှင့် ကုန်စုံဆိုင်များသို့ အာလူးဝင်ရောက်မှုအနေဖြင့် တစ်ပတ်လျှင် အိတ်(၃၀)မှ (၅၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် လက်လီတစ်ပိဿာလျှင် အာလူး အကြီး/အသေးပေါ်မူတည်၍ (၂၅၀၀)ကျပ်မှ (၂၈၀၀)ကျပ်ထိ ရှိပြီး လက်ကား ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၂၃၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း၊ ယခင်တစ်ပါတ်အတွင်း အာလူးတစ်ပိဿာဈေးနှုန်းမှာ လက်လီတစ်ပိဿာ (၂၁၀၀)ကျပ်မှ (၂၄၀၀)ကျပ်ဖြစ်ပြီး လက်ကားဈေးနှုန်းမှာ (၁၉၀၀)ကျပ်မှ (၂၁၀၀)ကျပ်သာရှိသည့် အတွက် ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ယခုတစ်ပတ် ကသာမြို့အတွင်း ရောင်းချလျက်ရှိသော အာလူး ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာ