“ဆိတ်မွေးမြူရေး ကွင်းဆင်းလေ့လာ”

Powered by Drupal

                မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ် ၊ ဇီးကန်ကျေးရွာရှိ ဆိတ်မွေးမြူရေးလုပ်ငန်းများအား ဆိတ်မွေးမြူထားရှိမှုနှင့်စျေးကွက်အခြေအနေများအား သိရှိနိုင်ရန်အတွက် ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများမှ သွားရောက်လေ့လာခဲ့ပါသည်။ လေ့လာမှုအရ ဇီးကန်ကျေးရွာတွင် ယခင်က (၂)ဦးစ၊(၃)ဦးစ မွေးလာရာမှ ယခုအခါတစ်နိုင်တစ်ပိုင် (၁၀)၊(၁၅)ကောင် အပိုဝင်ငွေရရှိရန် မွေးမြူလာကြောင်း ၊ အချို့ဆိတ်ခြံပိုင်ရှင်များမှာ ဆိတ် အကောင်ရေ(၅၀)နှင့်(၁၀၀)ကြားအထိမွေးမြူထားသည်ကိုလည်း တွေ့ရှိရပါသည်။ ဇီးကန်ကျေးရွာမှ ဆိတ်ခြံပိုင်ရှင်တစ်ဦး၏ ပြောကြားချက်များအရ မြန်မာနိုင်ငံတွင် ဆိတ်အမျိုးအစား(၃)မျိုးရှိကြောင်း သိရှိရပြီး၊ ပထမတစ်မျိုးအနေဖြင့် ထိန်စမ်းမျိုးဖြစ်ကြောင်း၊ ထိန်စမ်းမျိူးကို များသောအားဖြင့် ပုပ္ပါး၊ချောက်၊နတ်မောက်နှင့် မြိုင်မြို့နယ်များတွင် အများဆုံးမွေးမြူထားကြောင်း၊ ထိန်စမ်းဆိတ်၏ ကိုယ်အလေးချိန်မှာ ဆိတ်ထီးတစ်ကောင်လျှင်(၅၀)ကီလို (၃၇)ပိဿာဖြစ်ပြီး ဆိတ်မတစ်ကောင် လျှင်(၂၉)ကီလို (၂၀)ပိဿာရှိကြောင်း သိရှိရပါသည် ။ ဒုတိယဆိတ်မျိုးအနေဖြင့် ဂျိတ်နီမျိုးဖြစ်ပြီး ၄င်းမျိုးမှာ အရွယ်အစားကြီးမားပြီး နီညိုရောင်၊အုန်းခွံ‌ရောင်၊မန်ကျည်းစေ့အရောင်များဖြစ်ကြောင်း၊ ဂျိတ်နီဆိတ်၏ ကိုယ်အလေးချိန်မှာ ဆိတ်ထီးတစ်ကောင်လျှင်(၅၀)ကီလို(၃၇)ပိဿာဖြစ်ပြီး ဆိတ်မ တစ်ကောင်လျှင်(၄၂)ကီလို(၂၉)ပိဿာရှိကြောင်း ၊ ယခုအခါ ဂျိတ်နီဆိတ်မျိုးများကို ကျောက်ဆည်၊ စဉ့်ကိုင်၊မြစ်သား၊တံတားဦးမြို့နယ်များတွင် အများဆုံးမွေးမြူလာသည်ကို တွေ့ရှိရကြောင်း သိရှိရ ပါသည်။တတိယဆိတ်မျိုးမှာ ဝေသာလီဆိတ်မျိုးဖြစ်ပြီး ဝေသာလီဆိတ်မျိုးမှာ ခန္ဓာကိုယ်သွယ်လျပြီး ဆိတ်၏အ‌ရောင်အသွေးမှာ အညိုရောင်၊အနက်ရောင် ဆက်နွယ်နေသည်ကို တွေ့ရှိရပါသည် ။ ‌ဝေသာလီဆိတ်များ၏ ကိုယ်အလေးချိန်မှာ ဆိတ်ထီးတစ်ကောင်လျှင်(၃၈)ကီလို (၂၄)ပိဿာဖြစ်ပြီး ဆိတ်မတစ်ကောင်လျှင်(၃၁)ကီလို (၁၉)ပိဿာရှိကြောင်း၊ ဝေသာလီဆိတ်များကို မကွေးတိုင်း ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ပေါက်မြို့နယ်များတွင် အများဆုံးမွေးမြူကြသည်ကိုသိရှိရပါသည်။ ယခုအခါ ဆိတ်စျေးကွက်အနေဖြင့် အရွယ်ရောက်ပြီး ဆိတ်ထီးတစ်ကောင်လျှင် (၁၃၀၀၀၀-၁၅၀၀၀၀)ကျပ် အရောင်းအဝယ်ဖြစ်နေပြီး၊ဆိတ်မ မျိုးဝင်စတစ်ကောင်လျှင် (၉၀၀၀၀-၁၀၀၀၀၀)ကျပ် ဝန်းကျင် အရောင်းအဝယ်ဖြစ်နေပြီး အကောင်အရွယ်အစားပေါ်မူတည်ပြီး (၂၀၀၀၀၀/-)ကျပ် ထိရရှိပြီး ဆိတ်ပေါက်နို့ခွဲခါစ ဆိတ်ပေါက်တစ်ကောင်လျှင် (၅၀၀၀၀-၆၀၀၀၀)ကျပ် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ဆိတ်မွေးမြူရေးလုပ်ငန်းမှာ ဆိတ်မတစ်ကောင်လျှင် (၁)နှစ်လျှင် နှစ်ကြိမ် ပေါက်ဖွား သောကြောင့်ဆိတ်ကောင်ရေများပိုမိုရရှိပြီး အကျိုးအမြတ်များများရရှိသော စရိတ်အကုန်သက်သာသော မိသားစုအပိုဝင်ငွေရရှိသော (ဆိတ်)မွေးမြူရေးလုပ်ငန်းအား မွေးမြူသင့်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)