ငရုတ်သီးခြောက်ဈေးကွက် အနည်းငယ် မြင့်တက်

Powered by Drupal

             ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်ငရုတ်သီးကို မိုး၊ ဆောင်း စိုက်ပျိုးလျက်ရှိပြီး လွိုင်ကော်မြို့နယ် ပန်ကန်း၊ ရွာတန်းရှည်၊ ကုန်းသာတို့တွင် အဓိက စိုက်ပျိုးလျက်ရှိရာ လက်ရှိဇွန်လအတွင်း ငရုတ်သီးခြောက်တောင့်ရှည် တစ်ပိဿာလျှင် (၈၀၀၀)ကျပ် နှင့် ကုလားအော်သီး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်မေလတွင် ငရုတ်သီးတောင့်ရှည် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ကုလားအော်သီး တစ်ပိဿာလျှင် (၁၈၅၀၀)ကျပ်ရှိခဲ့ပြီး ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် ငရုတ်တောင့်ရှည် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ကုလားအော်သီး တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့် မြင့်တက်လျက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ အချို့ ဒေသများတွင် ငရုတ်စိုက်တောင်သူများ ရာသီချိန်မီစိုက်ပျိုးနိုင်မှု မရှိခြင်း၊ ကုန်လက်ကျန်နည်းပါးလာခြင်းကြောင့်ဖြစ်ကြောင်း ငရုတ်ရောင်းဝယ်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)