ပခုက္ကူဈေးကွက်တွင် ကြက်သွန်ဖြူဈေးအနည်းငယ်မြင့်တက်နေ

Powered by Drupal

              ပခုက္ကူမြို့မဈေးကြီးအတွင်းတွင် စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသော အခြေခံ စားကုန်ကြက်သွန်ဖြူများ ပခုက္ကူခရိုင်အတွင်းရှိ ယောနယ်ကျောက်ထုဒေသထွက် ဗမာ ကြက်သွန်ဖြူ နှင့် ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူ(ကြူကုတ်)အလုံးကြီးမျိုးများ ဝင်ရောက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

              ပခုက္ကူမြို့ပေါ်တွင် ယခုလ ဇွန်(တတိယ)ပတ်အတွင်း ဗမာကြက်သွန်ဖြူ ယော ဒေသထွက် တစ်ပိဿာဈေးနှုန်းမှာ ပစ္စည်းအရည်အသွေး အရွယ်အစားလိုက်၍ (၄၅၀၀)ကျပ်မှ (၂၀၀၀)ကျပ် ဈေးနှုန်းအမျိုးမျိုးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်တစ်ပတ် အမြင့်ဆုံးဈေးမှာ တစ်ပိဿာ လျှင်(၄၃၀၀)ကျပ် မှ (၁၈၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်တစ်ပတ်ထက် ယခုတစ်ပတ် အတွင်း ကြက်သွန်ဖြူဈေးနှုန်းတစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့် မြင့်တက်သွားကြောင်း၊ ရှမ်းပြည်မှ ဝင်ရောက်လာသော ကြက်သွန်ဖြူ(ကြူကုတ်)လုံးကြီးများမှလည်း ယခုတစ်ပတ်တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်တစ်ပတ်အတွင်း တစ်ပိသာလျှင်(၃၈၀၀)ကျပ် မှ (၃၃၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချခဲ့ရကြောင်း၊ ယခင်တစ်ပတ်ထက် (၂၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်သွားကြောင်း၊ (၁၅)ပိဿာဝင်ဆန့် တစ်အိတ်လုံးဝယ်ယူလျှင် လက်လီဖောက်သည်ဈေးဖြင့် တစ်ပိဿာလျှင် ပျမ်းမျှ(၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ယောနယ်ဒေသတွင် ကြက်သွန်ဖြူစိုက်ဧကများ လျော့နည်း သွား၍ ကုန်ပစ္စည်းအဝင်နည်းကြောင်း အခြေခံစားသုံးကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်မှ တစ်ဆင့်သိရှိရသည်။

DOCA (မကွေး)