ကြို့ပင်ကောက်မြို့နယ် စက်သုံးဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ဉက္ကံကျေးရွာတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ကိုဇော်သက်ဆီဆိုင်နှင့်  KPO ဆီဆိုင် ၊ ဂုမ္မကွင်းကျေးရွာမှ ဓနသီဟဆီဆိုင်၊ လက်ပံပင်စုကျေးရွာမှ 2000  ဆီဆိုင်၊ Denko  ဆီဆိုင်များသို့ ၁၆.၆.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် သာယာဝတီခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ ကြို့ပင်ကောက်မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများက ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ၎င်းဆီဆိုင် ၅ ဆိုင်သည် ရန်ကုန်-ပြည်ကားလမ်းဘေးတွင် တည်ရှိပြီး  နေ့စဉ်ပုံမှန်ရောင်းချ လျှက်ရသော  စက်သုံးဆီများအား သတ်မှတ်သောနှုန်းထားတက်ပိုမို ရောင်းချမှု ရှိ/မရှိ ၊ ရောင်းချနေသော စက်သုံးဆီအမျိုးအစား (၄) မျိုး၏ ဈေးနှုန်းအခြေအနေများ ၊ ဆီကုမ္ပဏီများမှ ရောက်ရှိ လာသော ဆီဘောက်ဆာ ကားအဝင်စာရင်း၊ ကားနံပါတ်၊ ဆီဂါလံနှင့် ရောက်ရှိသောနေ့ အချိန်များအား စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးနှင့် ချိတ်ဆက်ဆောင်ရွက်ပေးပါရန် ဆီအရောင်း တာဝန်ခံများနှင့် တွေ့ဆုံ၍ ဆွေးနွေးမေးမြန်းပြီး ဈေးနှုန်းဈေးကွက် အခြေအနေများအား စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ပဲခူး)