ကျောက်တံခါးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်တရားဉပဒေရုံးတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့် အတူ ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းက ကျောက်တံခါး ၊ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ဖဒို၊ မြို့ချောင်းရှိ စက်သုံးဆီရောင်းချလျက်ရှိသော အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးကြည့်ရှုရာတွင် အချို့ဆိုင်များ၌ ဆီဘောက်ချာများ ဝင်ရောက်လာသည်ကို တွေ့ရှိ ရပြီး အချို့ဆိုင်များတွင် ဆီဘောက်ချာများ ရောက်ရှိခြင်းမရှိသေး၍ လက်ကျန်ဆီနှင့် ရောင်းချနေသည်ကိုတွေ့ရှိရကြောင်း၊ ဆီဆိုင်များအားလုံးသည် ကြော်ငြာဆိုင်းဘုတ်တွင် ကြော်ငြာထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ဖဒို၊ မြို့ချောင်းကျေးရွာများရှိ စက်သုံးဆီဆိုင်ရောင်းချမှုမှုများ ပုံမှန်အတိုင်းရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)