ကျောင်းကုန်းမြို့နယ်အတွင်း ရောင်းချနေသည့် မုန့်ဆိုင်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တာဝန်ခံဦးတင်ကိုသည် မြို့နယ်စည်ပင်နှင့်အတူ ဆေးရုံလမ်းရှိ ရွှေရည်ဝင်း မုန့်ဆိုင်တွင် ရောင်းချနေသော မုန့်မျိုးစုံများအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ် မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဇွန်လ(၁၈)ရက်၊ နံနက် ၁၀ နာရီတွင် ဈေးအတွင်းရှိ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါမုန့်ဆိုင်အတွင်းရှိ မုန့်များအား ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ၊မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်း မရှိ သောကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချရန်အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)