ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဦးထွန်းမင်းလတ်သည် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ ဇွန်လ(၁၈)ရက် နံနက် (၁၀) နာရီအချိန်တွင် သာပေါင်းမြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ ထူးသစ် မုန့်တိုက်သို့သွားရောက်၍ လုပ်ငန်းရှင်တွေ့ဆုံ အသိပညာ ပေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် သာပေါင်းမြို့နယ် တာဝန်ခံက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ် အသားပြည့်စုံစွာဖော်ပြ ရန်နှင့် (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့်အညီ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းများပြုလုပ်ကြရန် ကုန်စည်များအား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ၊မရှိ စစ်ဆေးပြီး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)