ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တာဝန်ခံရုံးတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တာဝန်ခံဦးတင်ကိုသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူ ကာကွယ်ရေး ဥပဒေများ အား စားသုံးသူပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ ဇွန်လ (၂၂)ရက် နံနက်(၁၀) နာရီတွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဗိုလ်ချုပ်လမ်းရှိ မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ် ချက်အပါအဝင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည် အမျိုးအစား အပေါ်မူတည် ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်သော အခွင့်အရေး(၈)ချက်နှင့် တာဝန်များ အစရှိသည့် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)