ညောင်တုန်းမြို့နယ်တွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် စားသုံးသူ အကျိုးကာကွယ်ပေးရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တူးချောင်းကျေးရွာအုပ်စုနှင့် ညောင်ဝိုင်းကျေးရွာအုပ်စုတို့ရှိ တောင်သူများ(၅၅)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ၂၀၂၂ခုနှစ် ဇွန်လ ၂၂ရက်နေ့ နံနက် ၁၀နာရီ အချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး ခန်းမ၌ပြုလုပ်ခဲ့သည်။

    ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး​ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌဦးကျော်စိုးက နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံ စိုက်ဧကများလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဒေါ်ချိုမီဇင်က ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်‌ရေး၊ ပြည်တွင်းစားသုံဆီဈေးကွက် ပိုမိုရရှိစေ‌ရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံခြားငွေအသုံးပြုမှုလျော့နည်းသက်သာလာစေရေး စသည့် ရည်ရွယ်ချက်များနှင့် တောင်သူများ အသုံးပြုလျက်ရှိသည့် စိုက်ပျိုးရေးဆေးများနှင့် မျိုးစေ့များ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး အကြောင်းအရာများ‌ကို ဆွေးနွေးပြောကြား၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးနှင့်မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး၊ နည်းစနစ်မှန် ကန်စွာမြေပြုပြင်ပေးခြင်း၊ စားသုံးဆီဖူလုံရေးနှင့် ဝင်ငွေတိုးစေရန်ဆောင်းသီးနှံ နေကြာအား သီးထပ်သီး ညှပ်လျာထားချက်အတိုင်း စိုက်ပျိုးကြရေးဆွေးနွေးမှာကြားပြီး တက်ရောက်လာကြသည့် တောင်သူများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)