ဒေသထွက်မြေပဲဆံနှင့် မြေပဲဆီဈေးနှုန်းများ မြှင့်တက်လျက်ရှိ

Powered by Drupal

          ကယားပြည်နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကိုလည်း မိုး၊ဆောင်း အဓိကထား စိုက်ပျိုးလျှက်ရှိပြီး မြေပဲကို လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပြီး ဒေသထွက်မြေပဲကို ဒေသတွင်း ကြိတ်ခွဲ၍ စားသုံးမှုများပြီး အခြားဒေသဖြစ်သည့် တောင်ငူနှင့် ရန်ကုန်သို့ အနည်းငယ်သာ တင်ပို့မှုရှိကြောင်း ၊ လက်ရှိ ဇွန်လ စတုတ္တပတ် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဒေသထွက်မြေပဲဆံ နှင့် မြေပဲဆီ ဈေးနှုန်းမှာ မြေပဲဆံ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ မြေပဲဆီသန့် တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်မေလ စတုတ္တပတ်တွင် မြေပဲဆံ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်နှင့် မြေပဲဆီ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ရှိခဲ့ပြီး ယခင်မေလ စတုတ္တပတ်နှင့် ယခု ဇွန်လ စတုတ္တပတ် နှိုင်းယှဉ်လျှင် မြေပဲဆံ တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ၊ မြေပဲဆီ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့် မြှင့်တက်လာကြောင်း ၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ ကုန်လက်ကျန် နည်းပါးလာ၍ ကုန်ကြမ်းရရှိရန် အခက်အခဲများရှိကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)