ရှမ်း(တောင်)မှ ကြက်သွန်နီများ ဈေးကောင်းရနေ

Powered by Drupal

             လူတို့နေစဉ်စားသုံးနေသော အစားအစာများတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီသည် မပါမဖြစ်လို့ဆိုရမည် ဖြစ်သည်။ ကြက်သွန်နီကို အချိန်အခါမရွေး၊ လူကြီးလူငယ်မရွေးစားသုံး လျက်ရှိကြသည်။ စားသုံးသူများအနေဖြင့်လည်း ထမင်းစားရာတွင် ကြက်သွန်နီသည် မပါမဖြစ် လို့ဆိုရမည်ဖြစ်သည်။ အခန်းအတွင်း၌ အနံ့ဆိုးများဖြစ်နေပါက ကြက်သွန်နီအခွံခွာ၍ လှီးပြီးထားပေးခြင်းအားဖြင့် အနံဆိုးများ အလွယ်တကူပျောက်ကင်းနိုင်သော သဘာဝနည်းလမ်းဖြင့်လည်း သုံးစွဲနိုင်သည်။ ယခုအခါ ကြက်သွန်နီများ ဈေးကောင်းရရှိလျက်ရှိကြသည်။ ကြက်သွန်နီများသည် ရှမ်း(တောင်)မှ အထွက်နည်းသောကြောင့် ကြက်သွန်နီအများအပြားထွက်သော မြန်မာပြည် (အလယ်ပိုင်း) မန္တလေးတိုင်းဒေသကြီးများမှ အများအပြား ဝင်ရောက်လျက်ရှိကြသည်။ ရှမ်း(တောင်)သို့  မိတ္ထီလာ၊ ပျော်ဘွယ်၊ မလှိုင် စသည့်ဒေသများမှ ကြက်သွန်နီများ အများဆုံး ဝင်ရောက်လျက်ရှိကြသည်။ အမျိုးအစားများကိုတော့ မိတ္ထီလာမျိုး၊ ပျော်ဘွယ်မျိုး၊ မလှိုင်မျိုးဟူ၍ ခွဲခြားရောင်းလေ့ရှိကြသည်။ ဒေသထွက်ကြက်သွန်နီများမှာ အစိုဓာတ်များပြီး ပုပ်လွယ်၍ အခြားဒေသထွက်ကြက်သွန်များတာရှည်ခံ၍ အထားပိုခံကြောင်းသိရှိရပါသည်။ ယခုအခါ ရှမ်း(တောင်)ရှိ ကြက်သွန်နီလက်ကားဈေးမှာ (၁၈၀ဝိ/-) ရှိပြီး၊ လက်လီဈေးမှာ (၁၉၀ဝိ/- မှ ၂၀၀ဝိ/-) အထိ ရှိကြသည်။ ယခင်နှစ် ကာလတူပေါက်ဈေးမှာ လက်လီ (၇၅ဝိ/-) သာရှိပြီး ယခုနှစ်ပေါက်ဈေးမှာ (၁၉၀ဝိ/- မှ ၂၀၀ဝိ/-) အထိဈေးကောင်းများရလျက်ရှိကြောင်း သိရပါသည်။

DOCA(ရှမ်း)