![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/bago 27.jpg?itok=2IaK2zT8)
၂၀၂၂ခုနှစ်၊ မေလ နောက်ဆုံးသီတင်းပတ်တွင် ကြက်သွန်နီ ဈေးနှုန်းများမှာ ကြီး/လတ်/သေး တစ်ပိဿာလျှင် ၈၀၀/၁၀၀၀/၁၂၀၀ ကျပ်ခန့်သာရှိခဲ့ရာ မှ ဇွန်လ သီတင်းပတ်မှ စတင်၍ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ယခု သီတင်းပတ်တွင် ကြီး/လတ်/သေး တစ်ပိဿာလျှင် ၁၀၀၀/ ၁၅၀၀/၁၈၀၀ ကျပ်ခန့်ထိ မြင့်တက်လာခဲ့ပြီး ဈေးကွက်အရောင်းရ အများဆုံးမှာ အသေးစား ၁၀၀၀ကျပ် တန်ကိုသာ ဝယ်ယူသုံးစွဲမှု များကြောင်း သိရှိရပါသည်။ ယခင်နှစ် ဇွန်လတွင် ကြက်သွန်နီ စျေးနှုန်းမှာ တစ်ပိဿာလျှင် အနိမ့်ဆုံး ၅၀၀ ကျပ်နှင့် အမြင့်ဆုံး ၆၀၀ ကျပ်ခန့်သာရှိပြီး ယခုနှစ် ကာလတူတွင် စျေးနှုန်းများသည် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ စတင်ကာ ၁၈၀၀ ကျပ်ခန့်ထိမြင့်တက်လာကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)