ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

        ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ နံနက် ၉း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၁၆)ပေပါနှင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချ သည့် စားအုန်းဆီ (၇၈) ပေပါ၊ စုစုပေါင်း (၉၄) ပေပါကို ယာဥ်မောင်း ဦးစိုင်းသက်ကျော်၊ ယာဉ်အမှတ် 1M-3466/ ISUZU မော်‌တော်ယာဉ်နှင့် အလားတူ နံနက် (၉း၃၀) အချိန်တွင် ရေးလမ်းရှိ ရတနာဦးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ(၃၀)ပေပါကို ယာဉ်မောင်း ဦးထွန်းထွန်း၊ ယာဉ်အမှတ် 1N-3923/ Fuso မော်တော်ယာဉ် ဖြင့်တင်ဆောင်၍ ထပ်မံရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး နှင့်တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၁၂၄) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင် လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)