
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ နံနက် ၉း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်းဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၁၆)ပေပါနှင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချ သည့် စားအုန်းဆီ (၇၈) ပေပါ၊ စုစုပေါင်း (၉၄) ပေပါကို ယာဥ်မောင်း ဦးစိုင်းသက်ကျော်၊ ယာဉ်အမှတ် 1M-3466/ ISUZU မော်တော်ယာဉ်နှင့် အလားတူ နံနက် (၉း၃၀) အချိန်တွင် ရေးလမ်းရှိ ရတနာဦးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ(၃၀)ပေပါကို ယာဉ်မောင်း ဦးထွန်းထွန်း၊ ယာဉ်အမှတ် 1N-3923/ Fuso မော်တော်ယာဉ် ဖြင့်တင်ဆောင်၍ ထပ်မံရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး နှင့်တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၁၂၄) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင် လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)